ဤဘလော့စာမျက်နှာသို့ရောက်လာသူမိတ်ဆွေများအားလုံးကိုယ်ရော၊စိတ်ပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ

Wednesday, 30 August 2017

ကေသမုတ္တိသုတ်

ကသမုတ္တိသုတ်(ခေါ်)
ကာလာမသုတ်မှ
မြတ်စွာဘုရားရှင်ကိုယ်တိုင်
မိန့်တော်မူသောအချက်(၁၀)ချက်။

(ဆင့်၊ ကေား၊ စာ၊ စဉ်၊ ကူး၊ တွေး၊ ဆင်၊ ငါ့၊ လေး၊ ရာ)

၎င်းဆယ်ချက်မှာ-

(၁) ဆင့်= တစ်ဆင့်စကားပြောလာသောစကားကို မယုံနဲ့အုံး။
(၂)ကော= ကောလဟာလစကားကိုလည်း မယုံနဲ့အုံး။
(၃)စာ = စာအုပ်ထဲကပြောတိုင်းလည်း မယုံနဲ့အုံး။
(၄) စဉ် =အစဉ်အလာ ဘိုးဘွားစဉ်ဆက်စကားကိုလည်း မယုံနဲ့အုံး။
(၅) ကူး = ဟိုနည်းဒီနည်း နည်းကူချပြီးလည်း မယုံနဲ့အုံး။
(၆) တွေး = အတွေးကောင်းတိုင်းမှန်တယ်ဆိုပြီး မယုံနဲ့အုံး။
(၇) ဆင် = ယုတ္တိများနဲ့ဆင်ခြင်ပေးတိုင်းလည်း မယုံနဲ့အုံး။
(၈) ငါ့ = ငါ့အယူဝါဒသာမှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၉) လေး = လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး။
(၁၀) ရာ= ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။

မည်သည့်အယူဝါဒဖြစ်စေ
ကိုယ်တိုင်သာလျှင် သိအောင်လုပ်ကြ
ကိုယ်တိုင်လက်တွေ့လုပ်ကြည့်လျှင်
မှား၊ မှန်၊ ဆိုး၊ ကောင်းကို
ကိုယ်တိုင်သိမြင်လာမည်ဖြစ်သည်။
ပြီးမှ လက်ခံယုံကြည်ကျင့်သုံးကြရန် ဖြစ်ပေသည်။

Crd
From away

No comments:

Post a Comment