ဤဘလော့စာမျက်နှာသို့ရောက်လာသူမိတ်ဆွေများအားလုံးကိုယ်ရော၊စိတ်ပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ

Saturday, 2 September 2017

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သမိုင်း

🙏🙏🙏" ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်
♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨
မြတ်၏ အံ့ဖွယ်ရာအဖြစ်နှင့် သမိုင်းကြောင်း (၉) ပါး
♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨ ♨♨ ♨ ♨
🙏🙏🙏(သူငယ်ချင်းတို့ရေ အခြားသူတွေလည်း ဗဟုသုတ ရကြရလေအောင် ကျေးဇူးပြုလို့ Page ကို like & share လေး လုပ်ပေးကြပါလား ခင်ဗျား)🌷🌷🌷

👉👉👉(၁) "ဗုဒ္ဓဂေါတမ"ဘုရားရှင်၏ ဆံတော်မြတ်ကို မိမိဆံကျစ်၌ အမြဲကိုးကွယ်သော-
"တဿ"မည်သော သူတော်စင်ရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို- ဌာပနာ၍ ဘုရားတည်လိုသော အလိုဆန္ဒ ဖြစ်သောအခါ သိကြားမင်းသည် ထိုရသေ့ ကြီး၏ ဦးခေါင်းနှင့်တူသော ကျောက်တုံး-ကြီးကို သမုဒ္ဒရာအတွင်းမှ ဆောင်ယူ၍၊ကျိုက်ထီးရိုးကျောက်တောင်ထိပ်၌-ဘုရားတည်ရန် တင်ထားခြင်း။🌱🌱🌱

👉👉👉(၂) ထိုကျောက်တုံးကြီးသည်- ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင်လှုပ်ခြင်းစသော အကြောင်းတို ကြောင့် ရွေ့လျားခြင်း (ရွေ့ရှားခြင်း)မရှိခြင်း။🌱🌱🌱
👉👉👉(၃) ထိုကျောက်တုံးကြီးပေါ်၌ အံ့မခန်း ခက်ခဲစွာ စေတီတည်ထားခြင်း။🌱🌱🌱

👉👉👉(၄) ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော် ဌာပနာ တည်ခြင်း။🌱🌱🌱

👉👉👉(၅) ကမ္ဘာမြေပေါ်တွင် ကျိုက်ထီးရိုးစေတီတော်မြတ်နှင့် တူသောစေတီ မရှိခြင်း။🌱🌱🌱

👉👉👉(၆) ထိုဆံတော်ရှင်မြတ်အား လာရောက်ဖူးကြ သော ဘုရားဖူးသူတို့သည် ခက်ခဲစွာသောလုံ့လဝီရိယတို့ဖြင့် တော၊ တောင်၊ လျှို၊ မြောင်တို့ကို ဖြတ်ကျော်၍၊ တောင်တက်ဘုရားဖူးမြှော်ရခြင်း။🌱🌱🌱

👉👉👉(၇) ဘုရားဖူးသူတို့သည် ဖူးမဝ ဖြစ်၍ နောက်ထပ် လာရောက်ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။🌱🌱🌱

👉👉👉(၈) ဘုရားဖူးလာရောက်ကြသူ အပေါင်းသည် ဘေးရန်အန္တရာယ်မရှိ၍၊
 ကြည်နူးချမ်းသာကြရခြင်း။🌱🌱🌱

👉👉👉(၉) နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးသူများအဆင်းအတက်ဖွေးဖွေးရှိလျက် ဆံတော်ရှင်မြတ်စေတီတော် ရင်ပြင်၌ ပြည့်ကျပ်များပြားခြင်း။🌱🌱🌱

👉👉👉ထိုကဲ့သို့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ရှင် စေတီတော်မြတ်ကြီး၏ ထူးခြားအံ့သြဖွယ်ရာနှင့် သမိုင်းထူး(၉) ပါးတို့ဖြင့် ပြည့်စုံသာလွန်ခမ်းနားပေ၏။🌿🌿🌿

မှီငြမ်း-( မဟာသုတဒီပနီကျမ်း၊ ဒု၊ နှာ- ၆၉ ) -မှကောက်နုတ်တင်ပြအပ်ပါသည်။

🚶🚶‍♀️🚶အခုခရီးမသွား ဖြစ်သေးသော်လည်း ဘုရားသမိုင်းလေးတွေတော့ လေ့လာထားလို့ ရတာပေါ့ဗျာ...အလုပ်အားတဲ့ အခါကြတော့လဲ ကျွန်တော်တို့နဲ့ အတူတူ ဘုရားဖူးရင်း အပန်းဖြေ ခရီးတွေ သွားကြတာပေါ့နော်....🚶🚶‍♀️🚶

🙏🙏🙏Credit....မူရင်းရေးသား တင်ပြသူ💞💞💞

No comments:

Post a Comment