အဆင့်အတန်းပေတံနဲ့ တိုင်းတာသူများ
***********************************
တစ်ချို့ လူတွေပြောကြတယ် မင်းကဘယ်
လောက် အဆင့်ရှိလို့လဲ ....။
မင်းအဆင့်နဲ့ ငါ့သမီး ငါ့သား ငါ့ညီမ ငါ့မောင်
နဲ့ တန်လို့လား။
မင်းလို အဆင့်အတန်းမရှိ ဗလေဗစာကောင်နဲ့
အပေါင်းအသင်းမလုပ်ဘူး စသည့်စကားများ
ဖြင့် အတ္တမီး မာနမီး တစ်ထောင်ထောင်နဲ့
မိမိဒေါသကြောင့် သူတစ်ဖက်သား နာကျည်း
အားငယ် သိမ်ငယ်သွားစေသည်ကို မမူပဲ ဝမ်းနည်းသည်ထိအောင် ပြောကြတဲ့
တစ်ချို့ လူတွေရှိတယ်ဗျာ့.....။
တကယ်တော့ အဲ့ဒီ အတ္တမီးတွေကထိုသူတို့ကို
တန်ပြန်သက်ရောက်မူရရှိစေပေရော။ ထိုသူ က အဲ့ဒီစကားကိုစပြောတာဟာ သူရဲ့ အကျင့်စာရိတ္တကိုဖော်ပြစေခြင်းပါပဲ။
လူတစ်ယောက်ဟာဆင်းရဲလို့ နိမ့်ကျပါစေ
အဆင့်နိမ့်ပါစေ အဆင့်အတန်းထက် ထိုသူရဲ့
ကိုယ်ကျင့်တရားရိုးသားဖြောင့်မတ်မှုက ပိုမို
တန်ဖိုးကြီးပါတယ်။ ချမ်းသာသော မာန
ထောင်သော လူချမ်းသာ တစ်ချို့ က မိမိမနှစ်
လိုသော လူဆင်းရဲများကို ပြောဆိုဆက်ဆံ
ခြင်း ဟာ အကုသိုလ် တရားကို ရရှိစေပြီး အပယ်လေးပုံမှာ စံစားတတ်နိုင်ပါတယ်။
လူဆိုသည်မှာ မိမွေးဖမွေးထဲက ထူးခြားသော
အားသာသော စွမ်းရည် တစ်မျိုးဆီပါဝင်လာ
ကြပါသည်။ ထိုစွမ်းရည်များက နှစ်မြုပ်နေပြီး
အရေးအခါကြုံမှသာလျှင် အစွမ်းအာနိသင်
ထုတ်လေ့ရှိတတ်ပါသည်။
ဆရာဝန်က ဆေးကုကျွမ်းကျင်၊ အင်ဂျင်
နီယာကလဲ စက်မှုဆိုင်ရာ ကျွမ်းကျင် ၊ လယ်
သမား လက်သမားကလဲ မိမိတတ်ကျွမ်းရာ
အတတ်ပညာများကို ကျွမ်းကျင်ကြပါသည်။
ဘယ်အရာမှ မည်သူမှ အကုန်ကျွမ်းကျင်မှု
မရှိကြပါ။ သူနေရာနှင့်သာ တန်ဖိုးရှိ အသုံး
ဝင်ကြပါသည်။
လူတစ်ယောက်ကို ပညာမရှိခြင်း ဥစ္စာမရှိ
ခြင်းကြောင့် အဆင့်အတန်းမဲ့သူ နိမ့်ကျသူ
ဟု မထင်မြင်ကြပါနှင့် မခိုင်းနိုင်းကြပါနဲ့
ပြော ဆိုဆက်ဆံခြင်းမပြုလုပ်ကြပါနဲ့။
ကိုယ်ကျင့်တရား စာရိတ္တ သီလစင်ကြယ်
သူများ အတွေးဗဟုသုတအမြင်ရှိသူများပင်
သာ အဆင့်အတန်းရှိသော လူကောင်းလူ
တော်များဖြစ်ကြသည်ဟု မှတ်ယူ ကြပါဗျာ။
လေးစားလျက် ......
စအိုင်ထီခန့်(ပန်းတနော်)
No comments:
Post a Comment