Sunday, 20 August 2017
နုပျိုခြင်းသည် အိုခြင်းမှာဆုံးတယ်
နုပျိုခြင်းသည် အိုခြင်းမှာဆုံးတယ်
------------------------
သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းမှာ သိတင်းသုံးနေစဉ် ညနေချမ်းလေမှာ
ကျောင်းအနောက်ဘက်သွားပြိးနေပူ
ဆာလှုံနေတဲ့ မြတ်စွာဘုရားကို
အရှင်အာနန္ဒာက ဘုရားရှင်၏ ကိုယ်
ကို လက်ဖြင့် နှိပ်နယ်ပေးပါတယ်
ပြိးတော့လည်း ပြောပါသေးတယ်
အံ့သြဖွယ်ကောင်းလှပါတယ်
မြတ်စွာဘုရားတဲ့ ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာ နဲ့ မှ ယှဉ်လို
မရတဲ့ မြတ်စွားဘုရား၏ အရေအဆင်းသည် ဖြူစင်တောက်ပ
ခြင်းတွေလဲ ကင်းခဲပါပြီ
အသားအရေ လဲ အတွန့် အလိပ်တွေ ဖြစ်နေပါပြီ
ခန္ဓာကိုယ်လည်း ရှေ့သို့ ကိုင်းနေပါပြိ
မြတ်စွာဘုရားလို့ လျှောက်တော့
မှန်ပေတယ် ချစ်သားအာနန္ဒာ
နုပျီုခြင်းသဘောရှိခဲ့သော်
အိုခြင်းသဘောရှိ၏
ကျန်းမာခြင်းသဘောရှိခဲ့သော်
နာခြင်းသဘောရှိ၏
အသက်ရှင်ခြင်းသဘောရှိခဲ့သော်
သေခြင်းသဘောရှိ၏
ဒီဒေသနာတော်ကို ဖတ်ပြီးနောက်
အတွေးတွေဝင်လာပါတယ်
လူတွေဟာ တရားတော့အားထုက်ပါ
ရဲ့  တရားလဲရချင်ပါရဲ့ 
လမ်းမှာတစ်ယောက်နဲ့ တစ်ယောက် တွေလို့ များ နင်အို နေပြီနော် နင်တောင် မကြာခင်နာ
ခြင်းတရားတွေ နှိပ်စက်တော့မယ်
တရားအားထုတ်နော် လို့ များ
ပြောရငိဘယ်လိုနေပါ့ စိတ်ဆိုးသွားမှာပေါ့
ဒါမှမဟုတ်
အမယ် မနှစ်ကထက် ဒီနှစ် ပိုတောင်
လှလာတယ် ပိုချောလာတယ်လို့  ပြောလိုက်ရင်
မြှောက်ပြောမှန်းသိပေမဲ့ ပုထုဇဉ်တွေက
သဘောကြ ကြတယ်
အင်းးး ဒီ အတိုင်းဆို--- ဝေးနေအုံးမှာပဲ
ဖြေဆည်ရာ ဆရာတော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment