*** ချမ်းသာခြင်း၏သော့ချက် ***
ဘဝမှာ....
ချမ်းသာမှုအစစ်အမှန်လိုချင်လား?
ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့အရာတွေနဲ့
ကျေနပ်အောင်နေတတ်တဲ့စိတ်ထားပါ။
အေးငြိမ်းမှုအစစ်အမှန်လိုချင်လား?
ဖြစ်လာသမျှအရာတွေကို
လက်သင့်ခံနိုင်အောင်နေတတ်တဲ့စိတ်ထားပါ။
ပျော်ရွှင်မှုအစစ်အမှန်လိုချင်လား?
လူတိုင်းအပေါ်နားလည်ခွင့်လွှတ်ပြီး
နေတတ်အောင်ကြိုးစားတတ်တဲ့စိတ်ထားပါ။
အချစ်စစ်အချစ်မှန်လိုချင်လား?
ရယူလိုချင်းကင်းကင်းနဲ့ချစ်သူ့အပေါ်ကို
တန်ဖိုးထားချစ်တတ်တဲ့စိတ်ထားပါ။
မိတ်ဆွေစစ်မိတ်ဆွေမှန်လိုချင်လား?
လူတိုင်းအပေါ်ကိုယ်ချင်းစာတရား
လက်ကိုင်ထားကြင်နာတတ်တဲ့စိတ်ထားပါ။
မေတ္တာစစ်မေတ္တာမှန်လိုချင်လား?
ကိုယ့်ဘက်ကအနှောင်အဖွဲ့ကင်းကင်းနဲ့
ချစ်တတ်တဲ့စိတ်ထားပါ။
*ချမ်းသာခြင်းအစစ်အမှန်
*မလွဲဧကန်မိမိထံမှာပဲရှိပါတယ်။
* နေတတ်ကြပါစေ *
ပန်သုငယ်
၃၀.၈.၂၀၁၇
No comments:
Post a Comment