ဤဘလော့စာမျက်နှာသို့ရောက်လာသူမိတ်ဆွေများအားလုံးကိုယ်ရော၊စိတ်ပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ

Tuesday, 15 August 2017

ဘ၀ဆိုတာ

ဘဝ ဆိုတာ
*******
ဘဝ ဆိုတာ
တစ်ခါတစ်ခါ
ရိုးရှင်း ပါရဲ့
ဘဝ ဆိုတာ
တစ်ခါတစ်ခါ
ကြမ်းတမ်းလေသတဲ့
ဘဝဆိုတာ
တစ်ခါတစ်ခါ
ဘာမသိညာမသိ
ဟတ်ထိမိပါရဲ့
-----
သူ့ဘဝ ကိုယ့်ဘဝ
ဖြစ်တည်မှု မတူ
လားရာက မတူ
သံစဉ် ညှိမရတဲ့ တေးသွားအလားပေါ့
ကိုယ့်အပူ သူ့အပူ
အမြဲ မကူနိုင်တာလည်း ရှိနေပါ့
သူ့ ဘဝ သူ ရုန်း
ကိုယ့် ဘဝ ကိုယ် ရုန်း
လွမ်းစရာပျော်စရာ
တစ်လှည့်စီ ကြုံ ကြမှာပါ
ရေ ကြောက် လို့
မြစ်မကူးရဲ ရင်
တစ်ဖက် ကမ်း အလှမ်းဝေးမှာ
အသေအချာ ပါ

ကိုယ့် အခြေအနေကိုယ်သိပါ
တစ်ဖက် အခြေ ဘာရှိလည်း
သွားကြည့်ဖို့တာဝန်
ကိုယ့် မှာ အပြည့်ရှိသမို့
အို့ မိတ်ဆွေ
ဘဝမြစ်ထဲ ရဲရဲ ခုန်ချ
တစ်ဖက်ကမ်း သို့သာ
အရောက်လှမ်းပါဗျာ ။

( မိတ်ဆွေကြီး မကွေး ကိုမျိုး ရဲ့ ဓါတ်ပုံ
ဟတ်ထိသမို့ ဘဝကဗျာ တစ်ပုဒ်
ရေးထုတ်မိပါရဲ့
တစ်ချက်လေး ကတော့
လှေဦးက ကလေးငယ် အတွက်
မျက်ရည်ဝဲ မိပါရဲ့ )
Credit/

No comments:

Post a Comment